RecapKit MM Help Center

မေးလေ့ရှိတဲ့ မေးခွန်းများ

RecapKit MM plan၊ processing mode၊ AI key၊ output file နဲ့ account အသုံးပြုပုံဆိုင်ရာ အဖြေများ။

RecapKit MM ဆိုတာဘာလဲ?

RecapKit MM က Myanmar creator တွေအတွက် video recap၊ narration၊ subtitle၊ translation နဲ့ final export workflow တွေကို တစ်နေရာတည်းမှာ အသုံးပြုနိုင်တဲ့ web application ဖြစ်ပါတယ်။

Local Browser နဲ့ Cloud Processing ဘာကွာလဲ?

Local Browser က compatible FFmpeg processing ကို user device ထဲမှာ run ပါတယ်။ Advance Cloud Plan ရဲ့ Cloud Processing က supported job ကို background queue ထဲပို့ပြီး browser ပိတ်ထားချိန်မှာလည်း ဆက်လုပ်နိုင်ပါတယ်။

Cloud job လုပ်နေချိန် browser ပိတ်လို့ရလား?

Supported cloud job တွေအတွက် browser ပိတ်လို့ရပါတယ်။ Status နဲ့ completed download ကို Output History မှာ နောက်မှပြန်ကြည့်နိုင်ပါတယ်။

Gemini API key ကို RecapKit MM ကပေးလား?

Gemini feature တွေမှာ BYOK (Bring Your Own Key) ပုံစံကို အသုံးပြုပါတယ်။ User က မိမိပိုင် API key ကို ရွေးချယ်ထားတဲ့ workflow အလိုက် manage လုပ်ရပါတယ်။

Video နဲ့ subtitle file တွေ ဘယ်လောက်ကြာသိမ်းထားလဲ?

Local file တွေက browser သို့မဟုတ် device ပေါ်မှာပဲရှိနိုင်ပါတယ်။ Cloud input နဲ့ output တွေမှာ temporary retention နဲ့ cleanup rules ရှိနိုင်တာကြောင့် completed output ကို အချိန်မီ download လုပ်ထားသင့်ပါတယ်။

Plan နဲ့ price တွေ ဘယ်မှာကြည့်ရမလဲ?

RecapKit MM app ရဲ့ Premium section မှာ current package catalog၊ duration၊ price နဲ့ processing eligibility ကိုကြည့်နိုင်ပါတယ်။